သြဇာအနည်းဆုံးလူများ
အင်တာနက်ဖြန့်ချီရေး 24/7 Wall St. မှ “ကမ္ဘာ့သြဇာမရှိဆုံးလူ ၁၀၀ ဟူသည့် စာရင်းကို ဖော်ပြ ခဲ့သည်။ ထိုလူစာရင်း၌ ကုမ္ပကီကြီးများမှ အမှုဆောင်အရာရှိများ၊ အားကစားသမားများ၊ နိုင်ငံရေးသမားများ၊ ကျော်ဇောသူများပါဝင်သည်။ ထိုသူအားလုံး တူညီချက်မှာ တစ်ချိန်က ၄င်းတို့သည် သြဇာလွှမ်းမိုးမူ ရှိခဲ့သူများ ဖြစ်ပါသည်။
အချို့က အခြေအနေအရပ်ရပ်ကြောင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး၊ အချို့ကဆုံးဖြတ်ချက်မှား၍၊ အချို့က စာရိတ္တအကျင့်ပျက်ယွင်း၍၊ ၄င်းတို့၏ လွမ်းမိုးနိုင်မှုများ ပျောက်ဆုံးခဲ့ရသည်။
ကောရိန်သုသြ၀ါဒစာ ပထမစောင် အခန်းကြီး ၁၀ တွင် ရှင်ပေါလုသည် ဓမ္မဟောင်းကျမ်းမှ ၀မ်းနည်း ဖွယ် သင်ခန်းစာတစ်ရပ်ကို လေ့လာသိရှိခဲ့သည်။ မောရှေသည် အီဂျစ်ပြည် ကျွန်ခံရာဘ၀မှ ကတိထားတော်မူ သော ပြည်သို့ လူတို့ကို ခေါ်ဆောင်လာရာ ထိုသူတို့မှာ ၄င်းတို့ကို ကယ်နုတ်ခဲ့သည့် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ကြသည်(း၁-၅)။ သူမယားကို…
အရာခပ်သိမ်း အချိန်ကိုက်ပါ။
အမှတ်မထင်တွေ့ဆုံမှုဟု ကျွန်မထင်ခဲ့သည့်အရာက ကျွန်မခင်ပွန်းဖြစ်လာမည့်သူအတွက် အချိန်ကိုက် ဖြစ်ခဲ့ကြောင်း ထိုတွေ့ဆုံမှု နောက်ပိုင်း လအတန်ကြာမှ ကျွန်မသဘောပေါက်ခဲ့သည်။
သူက အသင်းတော်၏ လေသာဆောင်မှ ကျွန်မကို လှမ်းမြင်ပြီး၊ ကျွန်မထွက်ခွာသွားမည့် တံခါးပေါက် ကို သိပြီးသကာလ လှေကားထစ်ကို နှစ်ထစ်ကျော်ဆင်းကာ ကျွန်မ မထွက်ခွာမီ သူက တံခါးပေါက်သို့ ကြို ရောက်သွားသည်။ တံခါးကိုကိုင်ရင်း သူကစကားစမြည်ပြောသည်။ သူက ညစာစားရန်ဖိတ်ကြားမှုသည် ကြိုတင်ကြံစည်ထားခြင်းဖြစ်ကြောင်းကို ကျွန်မသတိလစ်သွားသည်။ တကယ့်အချိန် ကွက်တိပင်။
သတိထားမိသလောက် အချိန်ကွက်တိ အချိန်ကောင်းဖြစ်ခြင်းက ဖြစ်ခဲသည့်ကိစ္စပါ။ သို့သော် ဘုရား သခင်၌ ကျွန်ုပ်တို့အတွက် ရည်ရွယ်ချက်နှင့် အကြံအစည်အတိအကျရှိပါသည်။ ထို့ပြင် ကိုယ်တော်၏ အချိန်က လည်းကွက်တိပင်။
အောက်ဖေါ်ပြပါ သမ္မာကျမ်းစာမှ လူပုဂ္ဂိုလ်များ၏ အသက်တာ၌ အချိန်ကိုက်ဖြစ်မှုများကို တွေ့ရသည်။ အဗြံဟံ၏ ကျွန်က ဣဇက်၏ ဇနီးလောင်းနှင့်ပတ်သက်၍ ဆုတောင်းခဲ့သည်။ ဘုရားသခင်က…
ကြီးလေးသောအဖိုးအခ
ငယ်စဉ်က မိဘအိမ်၌ နေထိုင်စဉ် ပေးရသည့် နေထိုင်မှုစရိတ် ကြီးမြင့်လှသည်ဟု ငြီးတွားခဲ့မှုက မိုက်မဲ၍ ရယ်စရာဖြစ်သောကြောင်း ယခုပြန်ဆင်ခြင်မိသည်။ မိဘအိမ်၌ နေစဉ် ပိုက်ဆံတစ်ပြားမှ မပေးရပါ။ ပေးရသည့် တစ်ခုတည်းသောအခမှာ “နာခံခြင်း” ဖြစ်သည်။ တစ်ကိုယ်ရေသန်ရှင်းမှုရှိရန်၊ စကားပြောယဉ် ကျေးရန်၊ အမှန်ကိုပြောရန်၊ ဘုရားကျောင်းသွားရန် စသည့်စည်းကမ်းများကို နာခံရပါသည်။ ထိုစည်းကမ်းများ က ခက်ခဲသောကိစ္စမဟုတ်ငြားလည်း ကျွန်မအနေဖြင့် နာခံရန် ခက်နေ၏။ မနာခံခြင်းအတွက်မိများက မကန် ထုတ်၊ မနှင်ချပါ။ ၄င်းသည် ကျွန်မကို အကာအကွယ်ပေးရန်၊ ဘေးမဖြစ်စေရန်ဖြစ်ကြောင်း ထပ်တလဲလဲသတိ ပေးပြီး တခါတရံ မိမိကိုယ်ကို အလိုမလိုက်မိ အောင်စည်းကမ်းကို ပိုကြပ်လိုက်သည်။
ကတိထားရာပြည်သို့ ၀င်ရောက်နေထိုင်ရာ၌ ပေးရမည့် အဖိုးအခမှာ ထိုနာခံခြင်းပင်ဖြစ်သည်။ မောရှေက လူမျိုးတော်တို့အား နောက်ဆုံးမိန့်မှာရာ၌ ဘုရား၏ ကောင်းကြီးသည် ၄င်းတို့၏ နာခံမှု၌ တည် နေကြောင်း…
တင်းတိမ်ရောင့်ရဲပါ
ရောင့်ရဲခြင်းရှိရန် မလွယ်ပါ။ ယုံကြည်ခြင်း သူရဲကောင်း ရှင်ပေါလုပင် ရောင့်ရဲခြင်းစိတ်ရှိအောင် သင်ယူရပါ သည် (ဖိ ၄း၁၁)။ ၄င်းသည် သူ၏ ပင်ကိုယ်စိတ်မဟုတ်ပါ။
ထို့ကြောင့် သူက အခြေအနေအရပ်ရပ်၌ ရောင့်ရဲခြင်းရှိရန် သင်ယူမိပြီဟု ရေးသားခြင်းက တကယ် အံ့သြစရာပါ။ ထိုသို့ ရေးချိန်က သူသည် ရောမအကျဉ်းထောင်၌ ကျနေသည်။ နိုင်ငံတော်အပေါ် အကြည်အညို ပျက်အောင်ပြုသည့်အမှု၊ နိုင်ငံတော်ကို သစ္စာဖောက်သည့်အမှု၊ အခြားသောကြီးမားသည့် ပြစ်မှုများဖြင့် စွဲချက်တင်ခံရပြီး၊ ဗဟိုတရားရုံး ကဲသာဘုရင်ထံ တိုက်ရိုက်အယူခံဝင်နေချိန်ဖြစ်သည်။ အထက်လွတ်ရုံး၌ ဥပဒေအကြံပေးမည့်သူ၊ မိတ်ဆွေမည်သူမျှမရှိဘဲ သူ့အမှု ကြားနာစစ်ဆေးမည့် အချိန်ကို စောင့်ဆိုင်းနေရသည်။ ထိုအခြေအနေ၌ ပေါလုအနေဖြင့် စိတ်မရှည်၊ စိတ်မပျော်ဖြစ်မည်ဆိုက ဖြစ်သင့်ပါသည်။ သို့သော် ထိုသို့ ဖြစ်မည့်အစား သူသည် ရောင့်ရဲခြင်းကို သင်မိပြီဟု ဖိလိပ္ပိအသင်းတော်သို့ စာရေးသားခဲ့သည်။
သူ မည်သို့ သင်ယူခဲ့ရသနည်း။…
ရွက်လှုပ်ပင်
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဗင်နီဇွဲလာ အထက်ဖက်သို့ ရောက်ခဲ့စဉ် သစ်ပင်နှစ်ပင်ကို သတိပြု မိသည်။ အခြားအပင်များက သစ်ရွက်မလှုပ်သော်လည်း သဲ့သဲ့လေးကြောင့်လှုပ်နေသည်။ ကျွန်တော့်ဇနီးကို ညွှန်ပြပြောပြရာ ၄င်းသည် ရွက်လှုပ်ပင်ဖြစ်ကြောင်း ပြောပြသည်။ ထိုရွက်လှုပ်ပင်ကို ကြည့်ပြီး ကျွန်တော် အံ့သြရသည်။ အခြားအပင်များက ငြိမ်သက်စွာရှိနေချိန်၌ ၄င်းတို့မှာ လေညှင်းသဲ့သဲ့လေး၌ပင် လှုပ်ခတ်နေကြ သည်။
တစ်ခါတစ်ရံ ကျွန်တော်လည်း ထိုရွက်လှုပ်ပင်ကဲ့သို့ ခံစားရသည်။ ကျွန်တော့်ဝန်းကျင်မှ လူများက ဘာအပူအပင်မှမရှိ၊ ပုံမှန်ဖြစ်လျက် လုံခြုံမှုရှိလျက် သွားလာလှုပ်ရှားနေချိန်တွင် ကျွန်တော်က အသေးဆုံး ကိစ္စလေးကြောင့် ရတတ်မအေးဖြစ်နေသည်။ တစ်ပါးသူတို့ ငြိမ်ဝပ်အေးဆေးနေနိုင်မှုကို အံ့သြလျက် ကျွန်တော့် ဘ၀ကျတော့ ဘာ့ကြောင့်သောကပွေရသနည်းဟု အတွေးဝင်မိသည်။ သမ္မာကျမ်းစာမှ စစ်မှန်သော ငြိမ်သက် ခြင်းကို ဘုရားသခင်၏ မျက်မှောက်တော်၌ တွေ့နိုင်ကြောင်း ဖော်ပြထား၍ ကျေးဇူးတော်ပင်။ “ငြိမ်သက်ခြင်း၏ သခင်သည် ကိုယ်တော်တိုင် သင်တို့၌…
အစကနဦးအမှတ်
အိုင်ဒါဟိုပြည်နယ် ဘွိုင်းစီးဒေသရှိ ကျွန်ုပ်တို့ နေအိမ်မှ တောင်ဖက်သို့ ကားမောင်းသွားလျှင် မီးတောင် ပုံ ကုန်းတန်းပြန့်ပြန့်ကို လမ်းကြီး၏ အရှေ့ဖက်ခြုံပုတ်များကြားမှ တွေ့ရမည်။ ၄င်းသည် အိုင်ဒါဟို ပြည်နယ်မြေတိုင်းအစဖြစ်သည်။
အိုင်ဒါဟိုပြည်နယ်အဖြစ် နယ်မြေကို စုစည်းပြီးနောက် ၄ နှစ်အကြာတွင် အမေရိကန်ပြည်ထောင်စု၏ မြေတိုင်းအရာရှိချုပ်သည်။ “ပီတာဘဲလ်” ဆိုသူအား စေလွတ်ကာ နယ်မြေသစ်ကို တိုင်းတာစေသည်။ ပီတာဘဲလ်က ထို ကုန်းတန်းပေါ်သို့ လှည်းဖြင့် သွားရောက်ပြီး ကြေးတိုင်တစ်တိုင်စိုက်ကာ ထိုအမှတ်မှစ၍ မြေတိုင်းခဲ့သည်။
ထိုသို့တိုင်းတာမှုမှစ၍ အိုင်ဒါဟိုပြည်နယ်၏ မြေအမှတ်အသား အခေါ်အဝေါ်များပေါ်ပေါက်ခဲ့သည်။ မြို့နယ်များကို ထိုအမှတ်မစ၍ မြောက်မှတောင်သို့ အကွက်ချပြီး၊ စားကျက်များကို အရှေ့မှအနောက်သို့ အကွက်ချသည်။ အကွက်ချသည့် ထိုပုံအရ မိမိရှိသည့်နေရာကို အတိအကျသိရှိနိုင်သည်။
စာအုပ်ပေါင်းမြောက်မြားစွာကို ဖတ်ရှုသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ အစပြုရာ အတိအကျကိုးကားစရာ စာအုပ်ဖြစ်သည်။ ဆရာကြီး ဂျွန်ဝစ္စလီက…
တက္ကစီကားပေါ်မှသစ္စာတရား
ချီကာဂိုမြို့လည်ခေါင်၌ ကျွန်မတက္ကစီငှားစီးခဲ့ရာ ကားထဲတွင် New Age ခေတ်သစ်လှုပ်ရှားမှု ဆရာ ဂုရုတစ်ပါး၏ ပုံကို ကပ်ထားသည်ကို တွေ့ရသည်။ ကားဆရာက ဤသူသည် ကျွန်ုပ်တို့ခေတ်အတွက် “ဘုရားစေလွတ်သူ” ဟုဆိုသည်။ ဘုရားသခင်သည် ခေတ်တစ်ခေတ်ပြီးတစ်ခေတ် ဘာသာရေးခေါင်းဆောင် များကို ရွေးကောက်ခန့်ထားပြီး ယေရှုသည် သူ့ခေတ်အချိန်က ရွေးကောက်ခံရသည့် ပုဂ္ဂိုလ်ဟု ကားဆရာက လက်ခံထား၏။
ကျွန်မ လက်မခံကြောင်း ပြောရပါတော့သည်။ “ယေရှုက ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ် ၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ဟူသည့် (ယော ၁၄း၆) ကျမ်းချက်ကို ထောက်ပြသည်။ ကားဆရာ၏ ယုံကြည်ချက်နှင့်ဆန့်ကျင်ဖက်၊ ယေရှုသည် ဥာဏ်အလင်းပေးသော ဘာသာ ရေးခေါင်းဆောင်များအနက် တစ်ဦးမဟုတ်ရပါ။ ယေရှုသည် ဘုရားသခင်ကို သိကျွမ်းနိုင်သော တစ်ခုတည်း သောလမ်းဖြစ်ပြီး၊ သူ့အားဖြင့်သာ ကောင်းကင်နိုင်ငံသို့…
မသိနိုင်သောနေ့
လန်ဒန်မြို့နေလူထုက ၁၆၆၆ ခုနှစ်ကို သခင်ယေရှုပြန်ကြွလာမည့်နှစ်ဟု ယူဆကြသည်။ ခရစ်တော် မွေးဖွားချိန်မှစ၍ နှစ်ပေါင်း ၁၀၀၀ နှင့် အန္တိခရစ်၏ အမှက်သညာ ခြောက်သုံးလုံး (၆၆၆) ကို ပေါင်းပြီး ၁၆၆၆ နှစ်ကို ကြိုတင်ဟောကြားကြခြင်းဖြစ်သည်။
၁၆၆၅ တွင် ပလိပ်ရောဂါကပ်ဆိုက်ခဲ့ပြီး လူတစ်သိန်းသေဆုံးခဲ့၍ ကမ္ဘာပျက်တော့မည့်ပုံပေါ်နေသည်။ ၁၆၆၆ စက်တင်ဘာလ၌လည်း လန်ဒန်မြို့ကြီး မီးလောင်ကာ အဆောက်အဦတစ်သောင်းကျော် ပျက်စီးခဲ့ ရသည်။ ကမ္ဘာအဆုံး၌ ဖြစ်ပေါ်မည့် ကပ်ဘေးများကို ကျမ်းစာ၌ ဖော်ပြထားသည် မဟုတ်ပါလား (မ ၂၄း၁-၈)။ သို့ငြားလည်း ၁၆၆၆ ခုနှစ်ကို ကျော်လွန်ခဲ့ပါပြီ၊ ဘ၀ရှင်သန်မှုများက အရင်အတိုင်းဆက်လက်ရှိနေမြဲ။
ယခုမျက်မှောက်ခေတ်၌ပင် ကမ္ဘာကြီး၏ နောက်ဆုံးအချိန်ကို ကြိုတင်ဟောကိန်းထုတ်ကြသူများရှိ သည်။ နေ့ရက်တစ်ရက်ကို သတ်မှတ်ဟောကိန်းထုတ်သည်။ စာနယ်ဇင်း မီဒီယာများမှ ထိုသတင်းကို အရူးအမူး လိုက်သည်။ ဖော်ပြရေးသားကြသည်။ သို့သော် ထိုနေ့ရက်က…
မြေကြီးစွန်းတိုင်အောင်
မော်စကို ဓမ္မတက္ကသိုလ်၌ ရုရှားသင်းအုပ်ဆရာများကို ပို့ချသည့် ပထမဆုံးနေ့တွင် ဆရာများအား ၄င်း တို့၏အမည်၊ အစေခံနေသည့်အရပ် စသည်ဖြင့် မိတ်ဆက်ခိုင်းရာ အမှုဆောင်ဆရာတစ်ပါးက “မဟာအမှုတော် စေစားချက်အတိုင်း သစ္စာအရှိဆုံး အစေခံတစ်ဦးပါပဲ” ဟု ရဲရဲရင့်ရင့် ဆိုလိုက်သဖြင့် ကျွန်တော်လန့်သွားသည်။ သူကဆက်ပြီး “ကိုယ်တော်ရဲ့ စေစားချက်က မြေကြီးစွန်းတိုင်အောင် ဧ၀ံဂေလိသတင်း ဟောကြားရမယ်လို့ ဆိုထားတယ်။ ကျွန်တော်က “ကမ္ဘာအဆုံးကရွာ” လို့ ကျွန်တော်တို့ နောက်ပြောင်ခေါ်ဆိုတဲ့ အာတိတ်စက်ဝိုင်း မြောက်ပိုင်းဒေသက သင်းအုပ်ဆရာဖြစ်ပါတယ်” ဟု ဆိုလိုက်မှ သင်တန်းသားအားလုံး ရယ်မောလိုက်ကြ သည်။
ကမ္ဘာအဆုံးဟု အဓိပ္ပါယ်ရှိသည့် Yamal ကျွန်းဆွယ်၌ အမှုတော်ဆောင်နေသည့် သင်းအုပ်၏ စကားက အလွန်လေးနက်ပါသည်။ တပည့်တော်များအား နောက်ဆုံးမိန့်မှာသည့် သခင်ယေရှု၏စကားမှာ“… ယေရုရှလင် မြို့မှစ၍ ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် (သင်တို့သည်) ငါ၏ သက်သေဖြစ်ကြလိမ့်မည်” ဟု…
ဘ၀ရှင်သန်ချိန်ကိုကိုင်ဖမ်းပါ
ကျွန်ုပ်၏ဇနီး “မာတီ”သည် ဈေးဝယ်ရာ၌ အလွန်ကျွမ်းသည်။ စားသောက်ကုန်များဝယ်လျှင် အာဟာရဗီတာမင်ပါဝင်မှု ဖော်ပြချက်များဖတ်ကြည့်သည်။ ဈေးနှုန်းသင့်တင်မှုရှိမရှိချင့်ချိန်သည်။ သို့သော် သုံးစွဲရန် နေ့စွဲကိုမူ သူ အဓိကထားသည်။ စင်ပေါ်၌တွေ့သည့် နို့ပုလင်းကို ကောက်မထည့်၊ လတ်ဆက်သည့် နို့်ကိုရရန် သုံးစွဲရန်နေ့ရက်ပိုကြာသည့် နို့ပုလင်းကို ရှာသည်။
တစ်နည်းအားဖြင့် ဆိုရလျှင် ကျွန်ုပ်တို့၏ အသက်သည်လည်း နှလုံးဘယ်အချိန်ရပ်မည်၊ နောက်ဆုံး ထွက်သက် ဘယ်အချိန်ဖြစ်မည်ကို အတိအကျမသိသည်ကလွဲ၍ ရှင်သန်ရမည့်ရက်ကုန်ဆုံးချိန်များကို သတ် မှတ်ထားပြီးဖြစ်သည်။ ထိုအဖြစ်မှန်ကို ဆင်ခြင်ရင်း၊ ရှင်သန်ခွင့်ရသည့်အချိန် ဘ၀အချိန်လေးကို ဆုတ်ကိုင်မိ အောင် နည်းနည်းလေးအားထုတ်ရန်မသင့်သလော။
ဘ၀အချိန်နာရီကို ဆုတ်ကိုင်ခြင်းဆိုရာ၌ ပိုတိုး၍ နက်နဲစွာချစ်ခြင်း၊ (တေးမထားဘဲ) အလျင်အမြန် ခွင့်လွှတ်ခြင်း၊ သာမန်ကာလျှံကာမဟုတ်ဘဲ သေချာစွာ ဂရုပြုနားထောင်ပေးခြင်း၊ တိကျသေချာသော စကားကို ဆိုခြင်းစသည့်အမှုများပြုရန် ဆိုလိုပါသည်။
ရှင်ပေါလုက အကြံကောင်းပေးထားသည်။ “ထို့ကြောင့် ပညာမဲ့ကဲသို့မဟုတ် ပညာရှိကဲ့သို့ စေ့စေ့…